Blogs

ဝိဇ္ဇာ+စရဏ

ဝိဇ္ဇာ = သိမြင် တတ်မြောက်မှု
စရဏ = လိုက်နာ ကျင့်သုံးမှု
ဤအရာ၌ တင်ပြလိုသော ဝိဇ္ဇာစရဏ-ကား အများဆိုင် ဝိဇ္ဇာစရဏဖြစ်၏၊ ဘယ်ပုဂ္ဂိုလ် ဘယ်သတ္တဝါမဆို အသိ, အကျင့်နှစ်မျိုးလုံး လိုအပ်သည်။ အဆင့်မြင့်သော လူနတ် တို့ကို မဆိုထားနှင့် အဆင့်နိမ့်သော အပါယ်ဘုံသား တိရစ္ဆာန်များပင် သိတတ်မှု၊ လိုက်နာကျင့်သုံးမှုများ လိုအပ်သည်။ သိတတ်မှု၊ အလိုက်သိမှု၊ နားလည်မှု မရှိသော တိရစ္ဆာန်များနှင့် ပြောသည့်အတိုင်း၊ ခိုင်းသည့်အတိုင်း၊ ညွန်ကြားထားသောသည့် အတိုင်း၊ မလိုက်နာ မကျင့်သုံးသော တိရစ္ဆာန်များကို မည်သူကမျှ မကြည်ဖြူ၊ လက်မခံ လိုကြ၊ တိရစ္ဆာန်ချစ်သောသူများပင် မသိတတ်၊ မလိုက်နာတတ်သော တိရစ္ဆာန်များကို မချစ်ကြတော့ပေ။


ကဆုန် ညောင်ရေသွန်းပွဲတော်

ကဆုန် ညောင်ရေသွန်းပွဲတော်သည် ဗုဒ္ဓဘာသာဝင်တို့၏ ထူးမြတ်သော ဘာသာရေးပွဲတော်တစ်ခု ဖြစ်သည်။ နွေဥတု၏ အလယ်ဗဟို ကဆုန်လပြည့် နေ့၌ မဟာဗောဓိညောင်ပင်ကို ရေသွန်းလောင်းသောအားဖြင့် ဆင်ယင် ကျင်းပသော ပွဲတော်ဖြစ်သည်။
မြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၌ သူ အမြတ်နိုးဆုံးဖြစ်သည့် သဗ္ဗညုတဥာဏ်တော်ကို ရရှိခဲ့သည်၊ ဤအကြောင်း ကို လယ်တီဆရာတော်ဘုရားက-
“ခါတော်တပုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန် လပြည့် ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက် ရွှေညောင်တော်ကြီး၊ ဗိတာန် ထီးနှင့် စသည်ဖြင့် ခုနစ်နေ့ ဘုရားရှိခိုး လင်္ကာ၌ ဆိုခဲ့ စပ်ခဲ့ ရေးခဲ့သည်။
ဤလောက၏ အလင်းရောင် စတင်ခဲ့သောနေ့လည်း ဖြစ်သည်။


ကိုယ်ကျင့်တရား ကောင်းမွန်ရေးသည် အဓိက

ကိုယ်ကျင့်တရားသည် ကောင်းကျိုးအားလုံး၏ အရင်းခံ ရေသောက်မြစ်ကြီး ဖြစ်သည်။ ကောင်းရာ သုဂတိဘဝသို့ ပို့ဆောင်ပေးနိုင်သော အထူးယာဉ်ကြီး လည်း ဖြစ်သည်။ မျက်မှောက်သံသရာ နှစ်ဖြာသော ဘဝအတွက် အရိပ်ပမာ အမြဲလိုက်ပါလျက် အကျိုးဆောင် မိတ်ကောင်းမိတ်စစ် ဖြစ်သည်။ အလှတိုး စေနိုင်သော အဆင်းတန်ဆာကောင်းလည်း ဖြစ်သည်။
ကိုယ်နှုတ်ကို ယဉ်ကျေးအောင် ထိန်းကွပ်ပေးသော သက်ဆိုင်ရာ ကျင့်ဝတ် သီလများကို ကိုယ်ကျင့်တရားဟု ခေါ်သည်။ ကိုယ်ကျင့်တရားရှိမှ ယဉ်ကျေး သူဖြစ်မည်။ အများချစ်ခင်လေးစားမည်။ မိမိကိုယ်တိုင်လည်း စိတ်ချမ်းသာ မည်။ စီးပွားရေး၊ ကြီးပွားရေး၊ ပညာရေး စသော ကောင်းကျိုးသီးပွင့်များ ဖြစ်ရခြင်းသည် ကိုယ်ကျင့်တရားမှ အခြေခံခဲ့သည်။


ခရီးပန်းတိုင်

သွားလိုရာ ပန်းတိုင်ရောက်ဖို့ ခရီးလမ်းသည် အခြေခံအကြောင်းဖြစ်သည်။
ယင်းခရီးလမ်းသည်
လမ်းမှား၊ လမ်းမှန်
လမ်းရှည်၊ လမ်းတို
သမားရိုးကျလမ်း၊ ဖြတ်လမ်း
ခရောင်းလမ်း၊ ပန်းခင်းသောလမ်း စသည်ဖြင့် အမျိုးမျိုးရှိနိုင်သည်။


ခိုင်မြဲမှု ဂုဏ်ရည်

ကြာရှည်မခိုင်ခံ့သော အရာဝတ္ထု အကြောင်းအရာတို့ကို လူတိုင်းက တန်ဖိုး မထားကြ၊ နှစ်နှစ်ကာကာ မသုံးလိုကြ၊ မီးဖြစ်စေကာမူ ခဏတဖြုတ်သာ လောင်ကျွမ်းသော ကောက်ရိုးမီးကို အထင်မကြီးကြ၊ သမီးရည်းစား အချစ် ကိုပင် ကြာရှည်မခံ မခိုင်မြဲလျှင် အထင်သေးကြသည်။
ခိုင်မြဲသော ကြာရှည်ခံသော အရာကိုသာ တန်ဖိုးထားကြသည်။ နှစ်သက် ကြသည်။ ဈေးကြီးပေး၍ပင် ဝယ်ယူသုံးစွဲကြသည်။ မပြယ်သော အချစ် တစ်သက်လုံးအချစ် သံသရာအဆုံး နိဗ္ဗာန်တိုင် အချစ်ဟု ပင်တင်စားကြ သည်။ အမွှန်းတင်ဂုဏ်ယူကြသည်။
မပြေသောရန်ငြိုးစသော အကုသိုလ် ခိုင်မြဲမှုမှတပါး အခြားခြားသော ခိုင်မြဲမှု တို့ကား ခိုင်မြဲလေ ကောင်းလေသာ ဖြစ်သည်။ နိဗ္ဗာန်ကိုပင် ဓုဝ- ခိုင်မြဲသော အရာဟု ဆိုထားသည် မဟုတ်ပါလော။


Pages