စနစ်သစ် ပရိယတ္တိစီမံကိန်း

သာသနာသုံးရပ်တွင် ရေသောက်မြစ်သဖွယ် အရင်းခံကျသော ပရိယတ္တိ သာသနာ စနစ်တကျရှိမှ ပဋိပတ္တိ ပဋိဝေဓသာသနာများ စည်ပင်ပြန့်ပွါး ဖြစ်ထွန်းနိုင်ပေမည်။ ပရိယတ္တိ-ဟူသည် သင်ယူပို့ချမှုကို ဆိုလိုသည်။ သင်ယူ သူများက ခေတ်နှင့်အမီ မလိုက်နိုင်ပါက သင်ယူပို့ချမှု ပရိယတ္တိသာသနာ တဖြည်းဖြည်း ဆုတ်ယုတ်သွားနိုင်ပါသည်။
ထိုအကြောင်းကြောင့် ခေတ်နှင့် အမီလိုက်နိုင်သော သင်ယူပုံစနစ်များ တစ်ပုံစံတည်း ဖြစ်စေရန်နှင့် တစ်ကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း မဖြစ်စေရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ “စနစ်သစ် ပရိယတ္တိ စီမံကိန်း”ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။


စာပေအောင်ပွဲ တို့ဆင်နွဲ

“သီးပင်စိုက်က အသီးရ” ဆိုသကဲ့သို့ စာသင်သား တပည့်တော်များသည် “သု-စိ-ပု-ဘာ၊ ဝိ-လိ-သိ-ဓာ” လမ်းစဉ်ဖြင့် စာပေကို ကြိုးစား သင်ယူ ခဲ့ခြင်းကြောင့် စာမေးပွဲအောင်ပန်း ဆွတ်ခူးခဲ့သည်။ တစ်မြို့နယ်လုံးတွင် ပထမဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ မြို့နယ် ဆုနှင်းသဘင်ပွဲ တက်ရောက် ပြီး ဂုဏ်ပြုခံရသည်။
မိမိသည် ငယ်စဉ်ကပင် ပညာကို ကြိုးစားသင်ယူခဲ့သည်။ ကျောင်းသား ဘဝကလည်း ပညာရေးဖြင့် အောက်မကျခဲ့။ ကိုရင်ဘဝမှာလည်း သူများ ထက် ထူးချွန်ခဲ့သည်။
“ယောက်ျား၏ ဥစ္စာကား အတတ်ပညာဖြစ်သည်” ဟူ သော နီတိစကား၊
“ပညာမတတ်လျှင် လူရာမဝင်” စသည်ဖြင့် ဆုံးမပဲ့ပြင်ခဲ့သော ဆရာ့စကားများကို မြေဝယ်မကျလိုက်နာခဲ့သည်။


စာကြီးပေါက်စနစ်နှင့် စာမေးပွဲစနစ်

မြန်မာနိုင်ငံ၏ ပိဋကတ်သင်နည်း စနစ်ကို-
(၁) စာကြီးပေါက် သင်နည်းစနစ်
(၂) စာမေးပွဲ သင်နည်းစနစ် ဟု နှစ်မျိုး နှစ်စား တွေ့ရသည်။
ရှေးခေတ်က စာချ စာသင်ပုဂ္ဂိုလ်တို့သည် များသောအားဖြင့် စာမေးပွဲကို အခြေမခံပဲ ကျမ်းဂန်တတ်မြောက်မှု ကျမ်းဂန်ပေါက်ရောက်မှုကို ပဓာနထား၍ သင်ကြားလေ့လာကြ သည်။
သင်ကြားလေ့လာမှု ပြည့်စုံသောအခါ ထက်မြက်ထူးချွန်သော အချို့ပုဂ္ဂိုလ်တို့ အာဇာနည် ရွေးချယ်ပွဲ နှုတ်ဖြေ ရေးဖြေ ဝင်ရောက် ဖြေဆိုသူများလည်း ရှိခဲ့ကြသည်။ ပုဂံခေတ်မှ ဦးကျည်ပွေ့ ကုန်းဘောင်ခေတ်မှ ကျော်အောင်စံထားဆရာတော်နှင့် ဆရာတော်ဦးဗုဓ် စသော ပုဂ္ဂိုလ်ကျော်များကို စာမေးပွဲဖြင့် ဖော်ထုတ်ပေးခဲ့သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ခေတ်လောက်မှစ၍ ယနေ့တိုင်အောင် များသောအားဖြင့် စာမေး ပွဲကို အခြေခံ၍ ပိဋကတ်သင် ကြားမှုပြုလာကြသည်။


အင်အားပြည့်ဝ နှလုံးလှစေကြောင်း သြ၀ါဒကထာ

အရာရာတိုင်းမှာ အားလိုသည်၊ ထိုအားကို ခွန်အား စွမ်းအား အင်အား စသည် ဖြင့် သုံးနှုံးလေ့ရှိသည် ။
သွားလာရာ၌လည်း ခွန်အားလိုသည်၊ လုပ်ဆောင်ရာ၌လည်း ခွန်အားလို သည်၊ နေထိုင်ရာ၌လည်း ခွန်အားလိုသည်၊ မည်သည့် အရာမဆို ခွန်အားလို သည်။ ခွန်အားရှိလျှင် ခွန်အား ပြည့်ဝလျှင် သက်ဆိုင်ရာ ကိစ္စတိုင်းမှာ ပိုမို အောင်မြင်မည်၊ ခရီးရောက်မည် ၊ ပြီးမြောက် မည် ။


သင်ရိုးညွန်းတမ်း စာအုပ် Mp3 နှင့် ဗီဒီယိုမှတ်တမ်း သင်ခန်းစာများ